Wednesday, November 11, 2009

လုပ်ချလိုက်ပြန်ပြီ ငါတို့ အစိုးရ .....

"မြန်မာနိုင်ငံသားများအား ပြည်ပသို့  အလုပ်လုပ်ကိုင်ရန်စေလွှတ်နေမှု ပြည်ပတွင်
အခွန်ပေးဆောင်နေမှုနှင့် မိသားစုလွှဲငွေဆိုင်ရာ ကိစ္စရပ်များအား စိစစ်ကြီးကြပ်မည်
"
မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံသားများအား
စေလွှတ်နေမှု၊ ပြည်ပတွင်အလုပ်လုပ်ကိုင်နေကြသည်
့ မြန်မာနိုင်ငံသားများ၏ ၀င်ငွေခွန်ပေးဆောင်နေမှု၊ မိသားစုလွှဲပို့ ငွေများအား
စိစစ်ကြီးကြပ်မှုများ ဆောင်ရွက်နိုင်ရန်
ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီကို ဖွဲ့ စည်းဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

အဆိုပါကော်မတီအနေဖြင့် အလုပ်သမားဝန်ကြီးဌါနမှ ရွေးချယ်စေလွှတ်နေသည့် အလုပ်သမားများ၊
ပို့ ဆောင်ရေးဝန်ကြီးဌါနမှ ရွေးချယ်စေလွှတ်သည့် သင်္ဘောသားများ၊ ပြည်ထဲရေးဝန်ကြီးဌါနမှ
ရွေးချယ်စေလွှတ်နေသည့် သင်္ဘောသားများ၊ ပြည်ထဲရေးဝန်ကြီးဌါနက စိစစ်ခွင့်ပြုထားသည့်
ပြည်ပတွင်အလုပ်လုပ်ကိုင်နေသူများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ (ဗဟို)၊
ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်ကြီးများနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်
ကလေးစောင့်ရှောက်ရေးအဖွဲ့ အပါအ၀င် အခြားအစိုးရအသိအမှတ်ပြုလူမှုရေးအသင်းအဖွဲ့ များ၏
အစီအစဉ်ဖြင့် ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံသားများစေလွှတ်နေမှုများအား
စိစစ်ကြီးကြပ်သွားမည်ဖြစ်သည်ဟုသိရသည်။

ယင်းအပြင် ပြည်ပတွင်အလုပ်လုပ်ကိုင်နေသူများအား ၀င်ငွေခွန်ဥပဒေအရသတ်မှတ်ထားသည့်
အခွန်နှုန်းထားများသည် သင့်မြတ်မှုရှိ၊ မရှိ ပြန်လည်စိစစ်ခြင်း၊
ပြည်ပရောက်လုပ်သားများအနေဖြင့် ၀င်ငွေခွန်များအခက်အခဲမရှိစေဘဲ
ပေးသွင်းနိုင်ရန်ညှိနှိုင်းကြီးကြပ်မှုများကိုလည်း ကော်မတီအနေဖြင့်
ဆောင်ရွက်သွားရန်ရှိသည်ဟုလည်းသိရသည်။

ပြည်ပတွင်အလုပ်လုပ်ကိုင်နေသူများအနေဖြင့် မိသားစုလွှဲပို့ ငွေများပေးပို
့ရာတွင်တရားမ၀င်သောနည်းလမ်းများဖြင့် ပေးပို့ နေမှုများအစား
တရားဝင်သောနည်းလမ်းများဖြင့် ပေးပို့ လာစေန်ညှိနှိုင်းကြီးကြပ်မှုများလည်း
ဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်ပအလုပ်အကိုင်မှုကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်ပသို
့သွားရောက်အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံသားများစေလွှတ်မှုများအား
စိစစ်ကြီးကြပ်မှုများပြုလုပ်ရာတွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ၊
ယင်းဥပဒေအရထုတ်ပြန်ထားသည့် စည်းမျည်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန်
့များ၊ ညွှန်ကြားချက်များနှင့် အညီဆောင်ရွက်နေသည့် အလုပ်သမားဝန်ကြီးဌါန၊
ပြည်ထဲရေးဝန်ကြီးဌါန၊ ပို့ ဆောင်ရေးဝန်ကြီးဌါနများအပြင်
အစိုးရအသိအမှတ်ပြုလူမှုရေးအဖွဲ့ အစည်းအသီးသီးနှင့်
ညှိနှိုင်းဆောင်ရွက်ကြီးကြပ်သွားမည်ဖြစ်သည်ဟု သိရသည်။

ယင်းအပြင် ပြည်ပရောက်မြန်မာနိုင်ငံသားအသီးသီး၏ ၀င်ငွေခွန်ပေးဆောင်မှုနှင့်
မိသားစုလွှဲငွေကိစ္စရပ်များ သတ်မှတ်ချက်နှင့်အညီဖြစ်ရေး တရားဝင်ဖြစ်ရေးကိစ္စရပ်များကို
ကြီးကြပ်ဆောင်ရွက်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌါန၊ ဘဏ္ဍာရေးနှင့်
အခွန်ဝန်ကြီးဌါနများနှင့် ညှိနှိုင်းပူးတွဲ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

ပြည်ပရောက်မြန်မာအလုပ်သားအသီးသီးအတွက် ၀င်ငွေခွန် သတ်မှတ်ချက်မှာ ရရှိသည့်ဝင်ငွေ၏
၁၀ ရာခိုင်နှုန်းကို သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာသံရုံးများတွင်လည်းကောင်း၊
မိမိပြည်ပထွက်ခွာရန်ဆက်သွယ်ခဲ့သည့် အေဂျင်စီမှ
တဆင့်မြန်မာနိုင်ငံတွင်လည်းပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။
မိသားစုလွှဲငွေများအနေဖြင့် အလုပ်သမားတစ်ဦးချင်းအနေဖြင့် အခြေခံလုပ်ခလစာ
အမေရိကန်ဒေါ်လာ ၂၀၀ အောက်ရရှိသူများသည် လစာ၏ ၃၀ ရာခိုင်နှုန်းကိုလည်ကောင်း၊ လုပ်ခလစာ
အမေရိကန်ဒေါ်လာ ၂၀၀ နှင့် ၄၀၀ ကြားရရှိသူများသည် လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းနှင့်
လုပ်ခလစာ အမေရိကန်ဒေါ်လာ ၄၀၀ အထက်ရရှိသူများသည် လုပ်ခလစာ၏ ၅၀
ရာခိုင်နှုန်းကိုမိသားစုလွှဲငွေအဖြင့်မြန်မာနိုင်ငံသို့ လွှဲပို့ ပေးရန်နှင့်
ယင်းငွေကိုမိသားစုက အက်ဖ်အီးစီဖြင့် ထုတ်ယူခွင့်ရမည်ဖြစ်ကြောင်းသိရသည်။

ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီကို
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ ၏အမိန့် ကြော်ငြာစာအမှတ် ၁၆/၂၀၀၉ ဖြင့်
၂၀၀၉ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ မှ စတင်၍ဖွဲ
့စည်းဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။



မှတ်ချက် ။ ။
ယနေ့ မြန်မာနိုင်ငံအစိုးရ၏ ငွေလွှဲနှုန်းမှာ အောက်ပါအတိုင်းဖြစ်သည်။
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၇ ကျပ်
အမေရိကန် ၁ ဒေါ်လာ = ၁ အက်ဖ်အီးစီ
၁ အက်ဖ်အီးစီ = မြန်မာငွေ ၇ ကျပ်
အီးမေလ်းမှ တဆင့်ဖော်ပြပါသည်။

No comments: